အမေရိကန်ပြည်ထောင်စုအနောက်ဘက်ခြမ်းက Los Angeles ခရိုင်မြောက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က နောက်ထပ် လောင်ကျွမ်းနေတဲ့အတွက် ဒေသခံ ၃၀၀၀၀ ကျော်ကို ဘေးလွတ်ရာသွားဖို့ အမိန့်ထုတ်ထားပါတယ်။ Castaic ကန်ကြီးနားက တောင်တန်းဒေသမှာ မနေ့ကတည်းက အရှိန်ပြင်းပြင်းနဲ့ မီးလောင်ခဲ့တာမှာ နာရီပိုင်းအတွင်းမှာပဲ ဧက ၉၄၀၀ ထက်မနည်း မီးလောင်ကျွမ်းခဲ့ပါတယ်။
Los Angeles ခရိုင်အနောက်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ Palisades Fire မီးနဲ့Eaton Fire မီးတွေကို ငြှိမ်းသတ်နိုင်ဖို့ မီးသတ်တွေ ဆက်လက် ကြိုးစားနေကြချိန်မှာ အခုထပ်ပြီး မြောက်ပိုင်းမှာ Hughes Fire မီးလောင်ကျွမ်းနေတာဖြစ်ပါတယ်။ ကြာသပတေးနေ့ မနက်အစောပိုင်းမှာ မီးကို ၁၄ ရာခိုင်နှုန်းလောက် ထိန်းထားနိုင်ပေမဲ့ ဒီနေ့မှာလည်း ခြောက်သွေ့ပြီး လေပြင်းတိုက်ခတ်မယ့် အခြေအနေကြောင့် မီးကူးစက် ပျံ့နှံ့နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ စနေနေ့ကျရင်တော့ အဲဒီဘက်မှာ မိုးရွာနိုင်တယ်လို့ အမျိုးသား မိုးလေဝသဌာနက ပြောထားပါတယ်။
Los Angeles ခရိုင်ထဲက နေရာတော်တော်များများမှာ မိုးရေချိန် ၁ စင်တီမီတာလောက် ရွာသွန်းနိုင်ပြီး တချို့နေရာတွေမှာ မိုးသက်မုန်တိုင်းကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Los Angeles ခရိုင်မှာ ဇန်နဝါရီလ ၇ ရက်မှာ စတင်လောင်ကျွမ်းခဲ့တဲ့မီးကြောင့် ၂၈ ယောက်ထက်မနည်း သေဆုံးပြီး အဆောက်အဦနဲ့ နေအိမ်ထောင်နဲ့ချီ ပျက်စီးခဲ့ပါတယ်။ မီးလောင်ပျက်စီးထားတဲ့နေရာတွေကို သမ္မတ Donald Trump မနက်ဖြန် သောကြာနေ့မှာ သွားဖို့ စီစဉ်ထားပါတယ်။
Your browser doesn’t support HTML5
ကယ်လီဖိုးနီးယားတောမီး တိုးချဲ့ လောင်ကျွမ်းနေဆဲ