အမေရိကန်သမ္မတ Joe Biden ဟာ သမ္မတသက်တမ်းကုန်ဆုံးဖို့ နာရီပိုင်း အလိုမှာပဲ သမ္မတသစ် ဖြစ်လာမယ့် Donald Trump က လက်တုံ့ပြန်အရေးယူနိုင်ခြေရှိတဲ့ သူတချို့ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန အကြီးအကဲ တာဝန်ယူခဲ့ဖူးသူ Dr. Anthony Fauci, အငြိမ်းစား ဗိုလ်ချုပ်ကြီး Mark Milley နဲ့ ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ သမ္မတထရမ့် ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို လက်မခံပဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်ကို စီးနင်းဝင်ရောက်ခဲ့တဲ့ လုပ်ရပ်ကို စုံစမ်းစစ်ဆေးခဲ့ကြတဲ့ အောက်လွှတ်တော် ကော်မတီဝင်တွေကို သမ္မတဘိုင်ဒင် ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ကြေညာလိုက်တာပါ။
နိုင်ငံရေးအရ ဆန့်ကျင်သူတွေနဲ့ လွှတ်တော်ကို စီးနင်းတဲ့ လုပ်ရပ်ကို စုံစမ်းစစ်ဆေးသူတွေကို လက်တုံ့ပြန်ဖို့ ရွေးကောက်ခံသမ္မတ ထရမ့်က သတိပေးခဲ့ပြီးနောက် သမ္မတဘိုင်ဒင် ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အမှားအယွင်း လုပ်ခဲ့တာ မရှိခဲ့ဘဲ မှန်ကန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တဲ့သူတွေ အရေးယူခံရမယ်ဆိုရင် သူ့အနေနဲ့ စိတ်ရှင်းမှာ မဟုတ်တာကြောင့် ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးဖို့ ဆုံးဖြတ်ရတာလို့လည်း သမ္မတဘိုင်ဒင်က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။ သာမာန် မဟုတ်တဲ့ အခြေအနေကြောင့် အရေးယူ မခံရသေးခင်မှာ ကြိုတင် လွတ်ငြိမ်းခွင့်ပေးရတာလို့လည်း ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
ထရမ့်လက်ထက် အရေးယူခံရနိုင်ခြေ ရှိသူတွေကို သမ္မတဘိုင်ဒင် လွတ်ငြိမ်းခွင့်ပေး