(Zawgyi/unicode)
Coronavirus ပိုးကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၃၀ ထက် မနည်းရှိနေချိန်မှာ နိုင်ငံတကာလေကြောင်းလိုင်းတချို့က တရုတ်နိုင်ငံကို ပျံသန်းတဲ့ခရီးစဉ်တွေကို စတင် ရပ်ဆိုင်းနေကြပါတယ်။
တရုတ်ကနေလာသမျှနဲ့ တရုတ်ကိုသွားသမျှ လေယာဉ်ခရီးစဉ်တွေအားလုံးကို ယာယီရပ်ဆိုင်းထားတယ်လို့ ပထမဆုံး ကြေညာတာကတော့ British Airways လေကြောင်းလိုင်းဖြစ်ပါတယ်။ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတို့ရဲ့ လုံခြုံရေးဟာ ဦးစားပေးဖြစ်တဲ့အတွက် အဆင်မဖြေဖြစ်တဲ့အပေါ် တောင်းပန်တယ်လို့ BA ကကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာ့လေကြောင်းလိုင်း MAI ကလည်း တရုတ်မြို့ ၁၀ မြို့ကို အသွားအပြန်ပြေးဆွဲနေတဲ့ ခရီးစဉ်တွေကို ဇန်နဝါရီလ ၃၁ ရက်က စပြီးရပ်ဆိုင်းထားတယ်လို့ ကြေညာချက် ထုတ်ထားပါတယ်။ ဒါတင်မကမန္တလေးမြို့ကနေ တရုတ်နိုင်ငံ မြို့တွေကို ပျံသန်း ပြေးဆွဲနေတဲ့ တရုတ်လေကြောင်းလိုင်းတွေရဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း ယာယီဖျက်သိမ်းထားပါတယ်။
အင်ဒိုနီးရှားက Lion Air Group ကလည်း စနေနေ့ကစပြီး တရုတ်နိုင်ငံကို အသွားအပြန် ခရီးစဉ်တွေကို အချိန်အကန့်အသတ်မရှိ ရပ်နားထားမယ်လို့ ကြေညာပါတယ်။
ဟောင်ကောင်က Cathay Pacific လေကြောင်းလိုင်းကလည်း ခရီးစဉ်တွေ လျှော့ချခဲ့ပါတယ်။ တခြားအာရှနဲ့ ဥရောပလေကြောင်းလိုင်းတွေကလည်း ခရီးစဉ်တွေကို လျှော့ချတာရှိသလို တချို့ကလည်း ရပ်နားထားကြပါတယ်။ ခုလို နိုင်ငံတကာလေကြောင်းလိုင်းတွေက တရုတ်ကိုပျံသန်းတဲ့ လေယာဉ်ခရီးစဉ်တွေ ဖျက်နေကြသလို အမေရိကန်၊ ဗြိတိန်၊ ဂျာမနီအပါအဝင် နိုင်ငံတချို့ကလည်း သူ့နိုင်ငံသားတွေကို တရုတ်နိုင်ငံကို မလိုအပ်ခရီးမသွားကြဖို့ ခရီသွားအကြံပြုချက်တွေ ထုတ်ပြန်ထားကြပါတယ်။
Coronavirus ကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိနေတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။
Papua New Guinea ကျွန်းနိုင်ငံကတော့ အာရှကလာသမျှ ခရီးသည်အားလုံး တယောက်ကိုမှ နိုင်ငံထဲကို ဝင်ခွင့်မပြုဘူးလို့ ကြေညာထားပါတယ်။
Coronavirus ပိုးကူးစက်မှုရှိတယ်လို့ ကြေညာထားတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံခုထက် မနည်းရှိနေချိန်မှာ တရုတ်အစိုးရကလည်း ပြည်ပခရီးထွက်မယ့် တရုတ်နိုင်ငံသားတွေကို ခရီးစဉ် ဆိုင်းထားကြဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန်က Apple နည်းပညာကုမ္ပဏီအပါအဝင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေကလည်း သူတို့ဝန်ထမ်းတွေ တရုတ်နိုင်ငံခရီးသွားလာမှုကို ယာယီဆိုင်းထားကြပါတယ်။
coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
Your browser doesn’t support HTML5
တရုတ်နိုင်ငံပြေးဆွဲတဲ့ လေကြောင်းခရီးစဉ်အချို့ ရပ်ဆိုင်း
..........................
(unicode)