သမ္မတဒေါ်နယ်ထရမ့် က သူရဲ့နိုင်ငံရေးအကြံပေးအရာရှိချုပ် Stephen Bannon ကို အမျိုးသားလုံခြုံရေးကောင်စီက ဖယ်ရှားလိုက်ပါတယ်။ Bannon ကို အစောပိုင်းက ဒီရာထူးမှာခန့်အပ်တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးမူဝါဒရေးရာကျွမ်းကျင်သူတွေက မကျေမနပ်ခဲ့ကြတာပါ။
အမေရိကန်နိုင်ငံရေးလောက ရဲ့အစဉ်အလာတွေကို အနှောက်အယှက်ဖြစ်အောင်လှုံ့ဆော်ခဲ့တဲ့ Bennon ကို အမျိုးသားလုံခြုံရေးအတွက် တာဝန်ပေးတာဟာ မသင့်တော်ဘူးလို့ လွှတ်တော်အမတ်တချို့နဲ့ နိုင်ငံခြားရေးရာအတွေ့အကြုံရှိသူတွေက ပြောဆိုနေခဲ့ကြတာပါ။
ထရမ့်အတွက်မဲဆွယ်လှုပ်ရှားမှုမှာ မပါဝင်ခင်က သူဟာ လကျ်ာစွန်း သဘောအယူအဆတွေ တင်ပြတဲ့ မီဒီယာ website တခုကိုတည်ထောင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ သမ္မတ ထရမ့်ဟာ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး Dan Coats နဲ့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး Joseph Dunford တိုကိုလဲ သူ့ရဲ့လုံခြုံရေးကောင်စီမှာ ပြန်လည်ခန့်ထားလိုက်ပါတယ်။
Your browser doesn’t support HTML5
Trump အကြံပေး Bannon အမျိုးသားလုံခြုံရေးကောင်စီက ဖယ်ရှားခံရ