ရန်ကုန်ကအထွက်မှာ ရခိုင်လူငယ် ၁၀၀ ကျော် ဖမ်းခံရ

Your browser doesn’t support HTML5

မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားပေါင်းစုံ အများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့နယ်အတွင်းမှာ လူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာ၊ ပေါ်တာဆွဲတာတွေ ခပ်စိပ်စိပ်လုပ်လာနေ တာကြောင့် ရခိုင်အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တွေက လာရောက်နေထိုင်ကြတဲ့ လူငယ်တွေ ရန်ကုန်မြို့ကနေ ထွက်ခွာ ဖို့ကြိုးလာကြတာပါ။