အိန္ဒိယ Uber လှေတက္ကစီ

Your browser doesn’t support HTML5

အာရှတိုက်မှာ Uber ကုမ္ပဏီရဲ့ ပထမဆုံး ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေကို အိန္ဒိယနိုင်ငံမှာ စတင်လိုက်ပါပြီ။ အိန္ဒိယပိုင်ကတ်ရှ်မီးယားဒေသမှာ Uber က သူတို့ရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးကို လုပ်ဆောင်လိုက်တာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ စမတ်ဖုန်း application ကို အသုံးပြုပြီး လှေတက္ကဆီစီးတာ၊ အစားအသောက်မှာတာနဲ့တခြားဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံလှေပိုင်ရှင်တွေကတော့ အခုလို Uber ရဲ့ ဝန်ဆောင်မှုလုပ်ငန်းအသစ်ကြောင့် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။ VOA သတင်းထောက် Muheet Ul Islam အိန္ဒိယပိုင်ကတ်ရှ်မီးယားဒေသက Srinagar မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။