အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ ကျင်းပပြီးစီးသွားတဲ့ သမ္မတရွေးကောက်ပွဲ ကနဦးမဲရလဒ်တွေအရ ကာကွယ်ရေးဝန်ကြီး ပရာဘို၀ို ဆူဘီရန်တို က ဦးဆောင်နေပါတယ်။ စုစုပေါင်းမဲအရေအတွက်ရဲ့ ၄၀ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာ ကာကွယ်ရေးဝန်ကြီးက ၆၀ ရာခိုင်နှုန်း ရရှိထားကြောင်း တရားဝင် အတည်မပြုရသေးတဲ့ ရလဒ်တွေမှာ တွေ့ကြရတာပါ။
ရွေးကောက်ပွဲအကြို လူထုသဘောထား စစ်တမ်းတွေမှာလည်း ထောက်ခံမှု အများစုရထားတဲ့ ကာကွယ်ရေးဝန်ကြီး ဆူဘီရန်တိုဟာ အာဏာရှင်ခေါင်းဆောင်ဟောင်း ဆူဟာတို လက်ထက်မှာ အထူးတပ်ဖွဲ့တပ်မှူးတဦးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို၊ လူကြိုက်များတဲ့ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။
ပရာဘိုဝို ဆူဘီရန်တို အနိုင်ရရင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို ရဲ့သား Gibran Rakabuming Raka က ဒုတိယ သမ္မတနေရာယူဖို့ အဆိုပြုထားပါတယ်။
သမ္မတရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရဖို့ကတော့ မဲအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရရှိဖို့ လိုအပ်သလို၊ ပြည်နယ်အသီးသီးမှာလည်း အနည်းဆုံး ၂၀ ရာခိုင်နှုန်းကျော် ရရှိဖို့ လိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနှံ့ ဒီကနေ့ ရွေးကောက်ပွဲကတော့ ပြဿနာ တစုံတရာ မရှိပဲ အဆုံးသတ်ခဲ့တာပါ။
Your browser doesn’t support HTML5
အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ ကနဦးမဲရလဒ်တွေမှာ ကာကွယ်ရေးဝန်ကြီး ဦးဆောင်နေ