ကုလ ပါလက်စတိုင်းဒုက္ခသည်များဌာနကို ယူရို ၃.၅ သန်း စပိန်ထပ်တိုးကူညီ
ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဌာန (UNRWA)ကို ထပ်ဆောင်းငွေ ယူရို ၃.၅ သန်း ကူညီမယ်လို့ စပိန်နိုင်ငံ က တနင်္လာနေ့က ကတိပေးလိုက်ပါတယ်။
UNRWA ဝန်ထမ်းတချို့က အောက်တိုဘာ ၇ ရက် အစ္စရေးကို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့ကြတယ်လို့ အစ္စရေးက စွပ်စွဲ လိုက်ပြီးတဲ့နောက် အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ ဆွီဒင်၊ သြစတြေးလျားနဲ့ ဂျပန် အပါအဝင် UNRWA ကို ထောက်ပံ့နေကြတဲ့ နိုင်ငံ (၁၀)နိုင်ငံကျော်ကျော်က ပံ့ပိုးငွေတွေကို ရပ်ဆိုင်းထားခဲ့ကြတာ ဖြစ်ပါတယ်။
UNRWA နဲ့ အကြမ်းဖက်ဝါဒ ဆက်စပ်နေတဲ့ အထောက်အထားတွေကို စုံးစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂအဖွဲ့ကို တင်ပြမယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အစ္စရေး ကက်ဇ် Israel Katz က တနင်္လာနေ့မှာပဲ ပြောကြားပါတယ်။
Your browser doesn’t support HTML5
အစ္စရေး ဟာမတ်စ် ဂါဇာ စစ်ပွဲ ရက် ၁၀၀
ဘဏ္ဍာငွေအခက်အခဲ ကြုံနေရတာကြောင့် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ လုပ်ဆောင်နေတာတွေကို ရပ်ရဖွယ်ရှိတယ်လို့ UNRWA က သတိပေးထားတာပါ။ ရေတိုမှာ UNRWA က လုပ်နေတာတွေကို လုပ်နိုင်အောင်လို့ စပိန်နိုင်ငံက ယူရို ၃.၅ သန်း ပေးပါမယ်လို့ စပိန် နိုင်ငံခြားရေးဝန်ကြီး မန်နျူရယ် အယ်ဘာရက်စ် Manuel Albares က လွှတ်တော် ကော်မီတီကို ပြောပါတယ်။
UNRWA ရဲ့ အခြေအနေက အတော်ကြီး လိုအပ်ချက်ကြီးမားနေပြီး၊ ဂါဇာက လူသားချင်း စာနာထောက်ထားရေး အလုပ်တွေ ရက်သတ္တပတ် အနည်းငယ်အတွင်း ရပ်သွားပါလိမ့်မယ်လို့ သူက ဆိုပါတယ်။
Your browser doesn’t support HTML5
ကုလ ပါလက်စတိုင်းဒုက္ခသည်များဌာနကို ယူရို ၃.၅ သန်း စပိန်ထပ်တိုးကူညီ