အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေကို မှန်မှန်ကန်ကန် မထိန်းသိမ်းမှု စွဲချက်အမှုတွေရဲ့ တရားခွင်ကို လာမယ့်နှစ် မေလ ၂၀ ရက်နေ့မှာ စတင်မှာဖြစ်ကြောင်း ဖလော်ရီဒါပြည်နယ် Fort Pierce ခရိုင်တရားသူကြီး Aileen Cannon က သောကြာနေ့မှာ အမိန့်ချလိုက်ပါတယ်။
ထရမ့်ရဲ့ ရှေ့နေတွေဘက်ကတော့ အခုလို တရားရုံး ရက်ချိန်းသတ်မှတ်တာကို မလုပ်ဖို့ တောင်းဆိုခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးမှ ရုံးချိန်းသတ်မှတ်သင့်ကြောင်း တောင်းဆိုခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ထရမ့်က ထိပ်ဆုံးက တစ်ပြေးနေတာပါ။
အခုလို တရားခွင် ရက်ချိန်းသတ်မှတ်လိုက်တာက “သမ္မတ ထရမ့်နဲ့ ရှေ့နေအဖွဲ့ အနေနဲ့ ရာဇဝတ်မှု စွဲချက်တွေကို ဆက်လက် တိုက်ပွဲဝင်ဖို့ ဖြစ်လာတယ်”လို့ ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ထရမ့် အမှုမှာ ဦးဆောင် စစ်ဆေး တရားစွဲဆိုတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Jack Smith ရဲ့ ရုံးက ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
SEE ALSO: နိုင်ငံတော်လျှို့ဝှက်စာတမ်းအမှု တရားခွင်ဆိုင်းငံ့ထားဖို့ သမ္မတဟောင်း Trump တောင်းဆိုသမ္မတ ရာထူးတာဝန်အပြီးမှာ နိုင်ငံတော်လုံခြုံရေး စာရွက်စာတမ်းတွေကို တရားမ၀င် သိမ်းဆည်းထားမှု၊ ဒီမှတ်တမ်းတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းတဲ့ အစိုးရအရာရှိတွေကို လိမ်လည်ပြောဆိုခဲ့မှုတွေနဲ့ ထရမ့်ကို ဇွန်လ ၈ ရက်က စွဲချက် တင်ခဲ့တာပါ။ ထရမ့်ဘက်ကတော့ စွဲချက်အားလုံးမှာ အပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။
ထရမ့်ဟာ ဒီအမှုတွေအပြင် လိင်ဖျော်ဖြေရေး သရုပ်ဆောင်တဦးကို လျှို့ဝှက်ငွေ ပေးချေခဲ့မှုကို ဖုံးကွယ်ဖို့ စီးပွားရေးမှတ်တမ်းတွေကို အတုအယောင်ပြုလုပ်ခဲ့တဲ့ နောက်ထပ် စွဲချက်တခုနဲ့လည်း မတ်လ ၂၅ ရက်နေ့က နယူးယောက်မြို့၊ မန်ဟက်တန် သီးခြား တရားရုံးချိန်း တခုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
ဒါအပြင့် ၂၀၂၀ သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့မှု ရလဒ်ကို ပြောင်းလဲဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ဂျူရီတရားသူကြီးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု တခုမှာ အဓိက အစစ်ဆေးခံရဖို့ အကြောင်းကြားတဲ့ စာတစ်စောင် လက်ခံရရှိထားကြောင်းလည်း သမ္မတဟောင်း ထရမ့်က ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောထားပါတယ်။
Your browser doesn’t support HTML5
သမ္မတဟောင်း ထရမ့်အမှု ၂၀၂၄ မေလမှာ ရုံးတင် စစ်ဆေးမည်