နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၉၊ ၂၀၂၃)
Your browser doesn’t support HTML5
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နှစ်နိုင်ငံအကြား အတူယှဉ်တွဲနေထိုင်ဖို့ နည်းလမ်း ရှာရမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထနီ ဘလင်ကန်က ပြောပါတယ်။ ။ဒေဝါလီခံထားရတဲ့ သိရိလင်္ကာနိုင်ငံရဲ့ ဘဏ္ဍာရေးအသုံးစရိတ်နဲ့ လူမှုဖူလုံရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးကို ကိုယ်စားပြုတဲ့ နိုင်ငံ ၁၃၀ က သူတို့ နိုင်ငံငွေကြေးတွေကို ဒီဂျစ်တယ် ငွေကြေး အဖြစ် ပြောင်းလဲဖို့ နည်းလမ်းတွေ ရှာနေ...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။