နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၁၇၊ ၂၀၂၃)
Your browser doesn’t support HTML5
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့အကျဉ်းထောင်တွေကနေ အကျဉ်းသား ၃၀၀၀ ကျော်လွှတ်ပေး၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းကူညီဖြေရှင်းနိုင်ရေး ဂျပန်အစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ဂျပန်နိုင်ငံကို သွားဖို့ရှိ၊ ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos က ရဲတံခွန် သဘာဝဓါတ်ငွေ့ စီမံကိန်းမှာ ပါဝင်တဲ့ လုပ်ငန်း အားလုံး ရပ်ဆိုင်းဖို့ အပြီးသတ်ဆောင်ရွက်