နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ၂၆၊၂၀၂၂)
Your browser doesn’t support HTML5
ယူကရိန်းမှာ ရုရှားက အီရန် လုပ် ဒရုန်းတွေ အသုံးပြုခဲ့တာ နဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းတွေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့တဲ့အခါ မျှဝေပေးမယ်ဖို့ အစီအစဉ် ရှိတယ်လို့ အစ္စရေး သမ္မတ Isaac Herzog က ပြောပါတယ်။မြန်မာနိုင်ငံမှာအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝှမ်း ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကြပ်အတည်း ပိုပြီး ဆိုးဝါးသွားနိင်တဲ့အကြောင်းအာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက ကြေညာချက် ထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံရဲ့ ရှန်ဟိုင်းမှာ နှာခေါင်းက ရှုသွင်းရတဲ့ COVID-19 ကာကွယ်ဆေး အစီအစဉ် စတင်လိုက်ပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ်အစီအစဉ် တွေကိုထုတ်လွှင့်ပေးပါမယ်။