ရေကြီးမှုမကြာခဏကြုံလေ့ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံ ဟာဂိုနွိုင်းမြို့မှာ သာမန်မော်တော်ဆိုင်ကယ်ထက် ၃ ပေလောက် ပိုမြင့်တဲ့ ခြေတန်ရှည်မော်တော်ဆိုင်ကယ်တွေကို အငှားယာဉ်အဖြစ် မောင်းနှင်နေပါတယ်။ ခါးလောက်၊ ဒူးလောက်တက်နေတဲ့ ရေကြီးမှုကြားထဲ မောင်းပို့ပေးမှာ ဖြစ်ပြီး သာမန်ဆိုင်ကယ်တက္ကစီထက် ဈေးနည်းနည်းပိုကြီးပါတယ်။ အငှားယာဉ်မောင်းတယောက်က တနေ့ကို ပေစို ၅၀၀ (အမေရိကန်ဒေါ်လာ ၈ကျပ်ခွဲလောက်) ဝင်ငွေရပါတယ်။ အမှိုက်ကို စနစ်တကျမစွန့်ပစ်တာကြောင့် ရေကြီးမှု ပိုဆိုးလာကြောင်း ရွာသူကြီး အာဗေလီနို စန် ဟွမ် က ပြောပါတယ်။
ရေကြီးနေတဲ့နေရာတွေအတွက် ခြေတံရှည်မော်တော်ဆိုင်ကယ်
Your browser doesn’t support HTML5