ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်မှာ အောက်တိုဘာလ ၁၇၊ ၂၀၂၂၊ ဗုံးတွေကြဲခံရပြီးတဲ့နောက် ပြိုကျပျက်စီးသွားတဲ့ တိုက်ထဲကနေ ကြောင်လေးတကောင်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ကြောင်လေးကို နှစ်သိမ့်ဖို့ ကယ်ဆယ်ရေးသမားတွေက အရေးပေါ်စောင်လေးတွေ ခြုံပေးခဲ့ပါတယ်။ ဒီရက်ပိုင်းတွင်း ကိယက်ဗ်မြို့တော်ကို ရုရှားတပ်တွေက ဒရုန်းယာဉ်နဲ့ ဗုံးကြဲတာ ခံရတာကြောင့် အဆောက်အအုံတွေ ပျက်စီးပြီး လူသေဆုံး ဒဏ်ရာရမှုလည်း ရှိပါတယ်။