ဗြိတိန်အထက်လွှတ်တော်မှာ ရုံးထုတ်ခံရတဲ့ လူသားနဲ့အတူဆုံးစက်ရုပ်လူသား Ai-Da ကို စက်ရုပ်နဲ့ အနုပညာကြား ဆက်စပ်မှုအကြောင်း စစ်မေးခဲ့ပါတယ်။ ဒါပေမယ့်စက်ရုပ်လူသားကို သာမန်လူသားတယောက်နဲ့တန်းတူအဖြစ် မသတ်မှတ်နိုင်တာကြောင့် စက်ရုပ်မလေးကို သက်သေခံအဖြစ် ရုံးထုတ်တာမဟုတ်ဘဲ သက်သေပစ္စည်းအဖြစ် ဖြည့်စွက်မေးမြန်းတာဖြစ်ကြောင်း၊ စက်ရုပ်မလေးပြောသမျှ စကားတွေဟာ သူ့ကိုယ်ပိုင်မဟုတ်ဘဲ ဖန်တီးသူ အိုက်ဒန်မယ်လာရဲ့ တာဝန်ဖြစ်တယ်လို့ သတ်မှတ်ကြောင်း လွှတ်တော်အမတ်တီနာစတိုဝဲလ်က ပြောပါတယ်။