မြို့တော် ကိယက်ဗ်အပါအဝင် ယူကရိန်းနိုင်ငံတဝှမ်း ရုရှားဗုံးကြဲ

  • ဗွီအိုအေမြန်မာပိုင်း

Your browser doesn’t support HTML5

၂၀၂၂ အောက်တိုဘာ ၁၀ရက် တနင်္လာနေ့မနက်ပိုင်းတလျှောက် ဗုံးကြဲခံရတာကြောင့် ကိယက်ဗ်မြို့လယ်ခေါင်မှာ အဆောက်အအုံတွေ ပျက်စီး၊ လူသေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ခရိုင်မီးယားဒေသက ရုရှားတပ်တွေအတွက် အရေးပါတဲ့တံတားကို ယူကရိန်းတပ်တွေ ဖျက်ဆီးပစ်တဲ့အပေါ် လက်စားချေတဲ့အနေနဲ့ ယူကရိန်းနိုင်ငံတဝှမ်း မြို့တွေမှာ ဗုံးကြဲဖို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က အမိန့်ပေးခဲ့ပါတယ်။