ရုရှားစစ်မတိုက်ဘဲ ပြည်ပထွက်ရှောင်သူ များပြား
Your browser doesn’t support HTML5
ယူကရိန်းနိုင်ငံမှာ စစ်သွားတိုက်ဖို့ ရုရှားနိုင်ငံက အရန်တပ်သား အယောက် ၃ သိန်းခေါ်ယူဖို့ သမ္မတ ပူတင် အမိန့်ပေးလိုက်ပြီးနောက် ရုရှားနိုင်ငံသားအများအပြား နိုင်ငံပြင်ပကို ထွက်နေကြပါတယ်။ လေယာဉ်လက်မှတ်တွေ ဝယ်မရအောင် ဖြစ်နေပြီး ကုန်းလမ်းကနေလည်း နယ်စပ်ဂိတ်မှာ ၂ ရက်လောက်တောင် တန်းစီဝင်ရအောင် ကားတွေများနေတာပါ။