နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ်လ ၃၁၊ ၂၀၂၂)

Your browser doesn’t support HTML5

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လွှဲတဲ့ လစာဝင်ငွေတွေကို တခြားသူတွေကို ရောင်းချတာ၊ ဒါမှမဟုတ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖေါက်ကားတဲ့ AD လိုင်စဉ်ရ ဘဏ်ကို လွှဲပြောင်းတာတွေ လုပ်တဲ့အခါ ၂၁ ရက်အတွင်း အပြီးသတ် လုပ်ဆောင်ရမှာဖြစ်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်၊မလေးရှားနိုင်ငံက လွဲပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက သံတမန်၊ အထူးနဲ့ သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတွေကို စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ကင်းလွတ်ခွင့် ပြန်ပေးမှာ ဖြစ်တဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာ၊ ယူကရိန်း Zaporizhzhia နျူကလီးယား ဓာတ်အားပေး စက်ရုံ ဘေးကင်းလုံခြုံရေး ကိစ္စတွေ အကဲဖြတ်စစ်ဆေးဖို့အတွက် ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ရုရှား ထိန်းချုပ်ထားတဲ့ စက်ရုံ ရှိရာ ကို သွားရောက် .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။