၂၀၂၂၊ မေလ၄ရက်၊ဗုဒ္ဓဟူးနေ့ မနက် VOA အစီအစဉ်

Your browser doesn’t support HTML5

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဆက်လက်ကြိုးပမ်းသွားဖို့ ကုလသမဂ္ဂက ကတိပြုလိုက်ပါတယ်။ ဖိနှိပ်မှုတွေအကြားက သတင်းမှန်တွေဖေါ်ပြနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေတဲ့ သတင်းသမားတွေကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ချီးကျူးလိုက်ပါတယ်။ ယူကရိန်း စစ်ပွဲရပ်ဖို့ သမ္မတပူတင်နဲ့ဆွေးနွေးလိုတယ်လို့ ပုပ်ရဟန်းမင်းကြီးက တောင်းဆိုလိုက်ပါတယ်။ မေလ ၃ ရက်နေ့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်ဆိုင်ရာ ဆောင်းပါးနဲ့အတူ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ ကမ္ဘာတလွှားခရီးသွား၊ အင်္ဂါစကားဝိုင်း စတဲ့အစီအစဉ်တွေကိုလည်း နားဆင်ရပါမယ်။