စနေနေ့ မနက် ဗွီအိုအေ ရေဒီယို/ရုပ်သံ (၂၀၂၁ အောက်တိုဘာ ၂၃ ရက်)
Your browser doesn’t support HTML5
ဒီနေ့မနက် အစီအစဉ်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း၊ စစ်ကောင်စီကို ဖိအားတွေ တိုးမြှင့်ဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း၊ လွတ်ငြိမ်းခွင့် ကြေညာထားပေမဲ့ မလွတ်မြောက်သူတွေရှိနေတဲ့အပေါ် ပြည်တွင်း ပြည်ပစိုးရိမ်၊ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနဲ့ PDF အဖွဲ့တွေကြား တိုက်ခိုက်မှုတွေဖြစ်ပွား စတဲ့အကြောင်းတွေ နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အမျိုးသမီးကဏ္ဍ ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာကဏ္ဍ တွေကိုလည်း ထုတ်လွှင့်သွားမှာပါ။