ဗွီအိုအေ ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်

Your browser doesn’t support HTML5

အောက်တိုဘာ ၂၁ - စစ်ကောင်စီကို ဖိအားပေးဖို့ အလှည့်အပြောင်းကာလရောက်နေပြီလို့ အမေရိကန်တာဝန်ရှိသူတဦးက ပြောလိုက်ချိန် မလေးရှားနိုင်ငံံခြားရေးဝန်ကြီးကလည်း အာဆီယံရဲ့ ဝင်မစွက်ရေးမူကို ပြန်သုံးသပ်သင့်ပြီလို့ ပြောလိုက်တဲ့ သတင်းတွေနဲ့အတူ စစ်ကောင်စီက ပြန်လွှတ်မယ်လို့ပြောတဲ့ အရေအတွက် ဒီနေ့ထိ မပြည့်သေး၊ ထားဝယ်မြို့က NLD တိုင်းရုံး ဖောက်ခွဲခံရပြီး ပြိုကျပျက်စီး၊ စစ်တပ်ကဖမ်းသွားတာ တနှစ်ကျော်နေပြီဖြစ်တဲ့ ကျောက်တော်၊ တင်းမရွာသား ၁၈ ဦး သတင်းအစအနပျောက်နေ၊ စင်္ကာပူက မြန်မာတွေ ပါ့စ်ပို့တ်သက်တမ်းတိုးရေး အခက်ကြုံနေ။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ။