VOA ရေဒီယိုညပိုင်း အောက်တိုဘာ၁၃၊၂၀၂၁

Your browser doesn’t support HTML5

ဖမ်းဆီးခံသတင်းသမားတွေဖြစ်တဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် နဲ့ BBC Media Action ရဲ့ ခံစားကြည့် အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ရဲ့ ဒီကနေ့ရုံးထုတ်အခြေအနေ၊ ကချင်ပြည်နယ် လီဒိုလမ်း ရွှေတူးဖော်ရေးလုပ်ငန်းတွေ ထွက်ခွာဖို့ KIA တပ်မဟာ(၂)သတိပေးလိုက်တာ၊ MNDAA ကိုးကန့်တပ်က စစ်တပ်ဗျူဟာကုန်းကို လာတိုက်တဲ့ မုံကိုးတိုက်ပွဲ အရပ်သားတွေထိခိုက်ဒဏ်ရာရတဲ့အကြောင်းနဲ့ မြန်မာ့အရေး အာဆီယံရဲ့အခန်းကဏ္ဍအပေါ် သုံးသပ်ချက် စတဲ့ နောက်ဆုံးရသတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ အားကစားကဏ္ဍ အပတ်စဉ်အစီအစဉ်တွေကိုလည်း တင်ဆက်ပေးမှာပါ။