VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
Your browser doesn’t support HTML5
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။နောက်ဆုံးရ မြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အမှုများနောက်ဆုံးအခြေအနေ၊ ရန်ကုန်က သုသာန်တွေမှာ မီးသဂြိုၤလ်သူ အဆမတန်များပြားလာ၊ ကိုဗစ်ရောဂါသည်တွေအတွက် အောက်ဆီဂျင်လိုအပ်ချက်ကြီးနေဆဲ၊ ကနီမြို့ ယင်းရွာအနီးမှာ အလောင် ၁၅ လောင်းတွေ့ရှိတဲ့သတင်းတွေ နားဆင်ရပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ အင်္ဂါနေ့ညစကားဝိုင်းနဲ့ အမေရိကန်နိုင်ငံရေးတို့ကို ထုတ်လွှင့်ပေးပါမယ်။ VOA ကိုနားဆင်တဲ့အတွက ်ကျေးဇူးတင်ပါတယ်။