VOA ညပိုင်းရေဒီယို ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု

Your browser doesn’t support HTML5

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု လေးမှုနဲ့ထပ်တိုးတရားစွဲဆို၊ မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါလူနာသည်တွေတိုးများလာနေတာနဲ့အတူ အောက်ဆီဂျင်လိုအပ်ချက်ကြီးလာ၊ လူနာတွေအတွက် အောက်ဆီဂျင်အလုံလောက်ရဖို့ ကြိုးစားနေလို့ စစ်ကောင်စီပြော၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ သတ်ခံနေရချိန်မှာပဲ ရပ်ရွာလုံခြုံရေးအထောက်အကူပြုအဖွဲ့တွေ ဖွဲ့စည်းနေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူပြောဆို၊ ရိုဟင်ဂျာဆိုတဲ့အမည်ကို NUG အစိုးရအဖွဲ့လက်ခံလိုက်သလို ရိုဟင်ဂျာတွေနိုင်ငံသားဖြစ်ခွင့် သဘောထားအမြင်တွေ ပြောင်းလဲလာကြပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကတော့ သံသယရှိကြတုန်းပဲ ဆိုတဲ့သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးနဲ့ ဘလောဂါတွေ ပြောသမျှ အစီအစဉ်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။