VOA ရေဒီယို ညပိုင်း၉း၀၀-၁၀း၀၀ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု

Your browser doesn’t support HTML5

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုဖမ်းဆီးတဲ့အပေါ် စစ်ကောင်စီကို ကုလကိုယ်စားလှယ်ဝေဖန်၊ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် ကချင်ကျေးရွာသားတချို့ ထိခိုက်ဒဏ်ရာရ၊ အခု အပတ်အတွင်းကြားနာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုအခြေအနေ အလားအလာ၊ အမေရိကန်ပြည်ထောင်စုတွင်း ကပ်ဘေးအကန့်အသတ်တွေကြားမှာ ကိုယ်ဝန်ဖျက်ချမှုကန့်သတ်ချက်တွေတိုးလာတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တွေဒုက္ခတွေ့.. စတဲ့ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ မြန်မာလူ့အခွင့်အရေးအခြေအနေတင်ဆက်နေတဲ့ ဒို့အသံအစီအစဉ်နဲ့၊ မြန်မာအလွတ်သတင်းထောက် မရကျော်သူနဲ့ဆွေးနွေးထားတဲ့ စနေညစကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။