VOA ရေဒီယို ညပိုင်း၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
Your browser doesn’t support HTML5
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ နောက်ဆုံးရမြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အမှုစစ်ဆေးရာမှာတရားခံ ရှေ့နေတွေကသက်သေစစ်ဆေးမေးမြန်းမှုကို တရားလိုရှေ့နေဖက်က ကန့်ကွက်၊ မင်းတပ် စစ်ပြေးဒုက္ခသည်တွေ အကူအညီရဖို့ခက်ခဲနေ၊ ကချင်မှာ သင်အုပ်ဆရာသုံးဦးဖမ်းခံရ၊ ကပ်ဘေးကြောင့် ရှမ်းပြည်နယ် လောက်ကိုင်ကို မလိုအပ်ပဲ နေအိမ်မထွက်ရအမိန့်ထုတ်၊ သတင်းမီဒီယာအပါအဝင် မြန်မာ့ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထား နှိပ်ကွပ်နေတယ်လို့ မကြာခင်ကပြန်လွတ်လာတဲ့ ကမာရွက်သတင်းအယ်ဒီတာကိုနေသန်မောင်ပြောဆိုတဲ့သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလောဂါတွေပြောသမျှတွေ ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။