VOA ရေဒီယို ညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
Your browser doesn’t support HTML5
အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုဖမ်းဆီးတဲ့အပေါ် စစ်ကောင်စီကို ကုလကိုယ်စားလှယ်ဝေဖန်၊ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် ကချင်ကျေးရွာသားတချို့ ထိခိုက်ဒဏ်ရာရ၊ အခု အပတ်အတွင်းကြားနာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုအခြေအနေ အလားအလာ၊ အမေရိကန်ပြည်ထောင်စုတွင်း ကပ်ဘေးအကန့်အသတ်တွေကြားမှာ ကိုယ်ဝန်ဖျက်ချမှုကန့်သတ်ချက်တွေတိုးလာတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တွေဒုက္ခတွေ့.. စတဲ့ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ မြန်မာလူ့အခွင့်အရေးအခြေအနေတင်ဆက်နေတဲ့ ဒို့အသံအစီအစဉ်နဲ့၊ မြန်မာအလွတ်သတင်းထောက် မရကျော်သူနဲ့ဆွေးနွေးထားတဲ့ စနေညစကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
+++