မြန်မာနိုင်ငံက ဒီကနေ့ လူငယ်တွေဦးဆောင်တဲ့ လျှပ်တစ်ပြက်သပိတ်တွေနဲ့ လူထုဆန္ဒပြပွဲ နောက်ဆုံးအခြေအနေများ ကျန်းမာရေးကဏ္ဍ၊ မြန်မာ့အရေးသတင်းသုံးသပ်ချက်၊ အားကစားအစီအစဉ်စတဲ့ သီတင်းပတ်စဉ်ကဏ္ဍတွေနဲ့အတူ ည ၉း၀၀ - ၁၀း၀၀ ရေဒီယိုအစီအစဉ်
Your browser doesn’t support HTML5
[Zawgyi/Unicode]
📻 ထိပ်တန်းသတင်းများ၊ မြန်မာနိုင်ငံမှာ စစ်အာဏာဆန့်ကျင်ဆန္ဒပြတဲ့ မန္တလေးမြို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူ ၃၀ ထက် မနည်း ရိုက်နှက်ဖမ်းဆီးခံရ၊ မြန်မာနိုင်ငံတဝန်း နေရာအတော်များများမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွား၊ မန္တလေးတိုင်း မြင်းခြံခရိုင် တလုတ်မြို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားတဲ့အခြေအနေ၊ ကချင်ပြည်နယ် မံစီမြို့နယ်တွင်း တိုက်ပွဲပြင်းထန်နေ၊ ချင်းပြည်နယ် မင်းတပ်မြို့မှာ မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ် သဘောတူညီထားမှု ဒီကနေ့မှာ ပျက်ပြယ်သွား၊ မြန်မာပြည်တွင်း အခေါက်ရွှေတကျပ်သား မြန်မာကျပ်ငွေ ၁၇ သိန်းကျော်အထိ ပေါက်ဈေးရှိလာ။
သီတင်းပတ်စဉ် - ဒေါက်တာသန့်ဇော်ရဲ့ ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသတင်းသုံးသပ်ချက်၊ ကိုရန်နိုင်ရဲ့ အားကစားအစီအစဉ်။
~~~
[Unicode]