နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
Your browser doesn’t support HTML5
ဗွီအိုအေရဲ့ သောကြာနေ့ မနက်ပိုင်း ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ဒီကနေ့ ထုတ်လွှင့်မယ့် အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ တက္ကသိုလ်နဲ့ ကော်လိပ်တွေ ပြန်ဖွင့်ဖို့ စီစဉ်နေတဲ့အပေါ် ဆရာတွေနဲ့ မိဘတွေရဲ့အမြင်၊ တရုတ်-မြန်မာ နယ်စပ်မှာ ကုန်သွယ်မှုတွေ ရပ်ဆိုင်းလုနီးပါး အခြေအနေ၊ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်လာသူတွေ များလာနေတာကြောင့် ထိုင်းနိုင်ငံက နယ်စပ်မှာ လုံခြုံရေး တင်းကြပ်နေတဲ့ သတင်းတွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံအကြောင်း ကောက်နုတ်ဖော်ပြချက်တွေကိုလည်း နားဆင်ရမှာပါ။
သီတင်းပတ်စဉ် ကဏ္ဍမှာတော့ ဦးအောင်ခင် တင်ပြတဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။
ဗွီအိုအေကို အားပေးနားဆင်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
......