မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အဖမ်းခံရတဲ့သတင်းနဲ့အတူ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာအပါအဝင် ကြာသပတေးည ၉း၀၀-၁၀း၀၀ နာရီ ဗွီအိုအေ ရေဒီယိုအစီအစဉ်။
Your browser doesn’t support HTML5
(Zawgyi/Unicode)
နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းများ၊ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးသွား၊ မန္တလေးမှာ ဗလီဝန်းထဲပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး မြစ်ငယ်မှာတော့ တမြို့လုံးနီးပါး တိမ်းရှောင်နေရ၊ ရန်ကုန်နဲ့ တခြားဒေသတွေမှာ သင်္ကြန်အကြတ်နေ့ သပိတ်ပွဲတွေ ဆက်လုပ်၊ ဟုမ္မလင်းမှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး၊ ကရင်ပြည်နယ်ထဲမှာ စစ်တပ် ရိက္ခာပို့ ယာဉ်တန်းတွေကို ကေအန်ယူက ပစ်ခတ်တိုက်ခိုက်။
သီတင်းပတ်စဉ် - ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကိုဝင်းမင်းရဲ့ ကျန်းမာရေးကဏ္ဍ၊ နယ်စပ်ဒေသ သတင်းထောက်တွေရဲ့ တိုင်းရင်းသတင်းလွှာ။
...................
(Unicode)