မြန်မာနိုင်ငံက ဒီကနေ့လူထုဆန္ဒပြပွဲနဲ့ ရဲတွေရဲ့လုပ်ရပ် နောက်ဆုံးအခြေအနေများ၊ အင်္ဂါည ဆွေးနွေးခန်း အပတ်စဉ်ကဏ္ဍတွေနဲ့အတူ ည ၉း၀၀ - ၁၀း၀၀ ရေဒီယိုအစီအစဉ်
Your browser doesn’t support HTML5
[Zawgyi/Unicode]
📻 ထိပ်တန်းသတင်း၊ တရုတ်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး နှစ် ယောက် မနေ့က Guilin မြို့မှာ တွေ့ဆုံခဲ့၊ ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ စစ်အုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲ၊ ဒီစစ်ကောင်စီရဲ့ ရှင်းလင်းချက်အပေါ် မီဒီယာတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဘယ်လိုအမြင်ရှိနေပါသလဲ၊ ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မန္တလေးမြို့မှာ အနည်းဆုံး လူ ၄ ဦး သေဆုံး၊ စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွဲနေတဲ့ကြားကပဲ ရန်ကုန်တိုင်းအတွင်း ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကိုဗစ်ကူးစက်ခံရသူ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၄၉၀ ထဲက ၄၀၀ နီးပါးကို ထိုင်းအာဏာပိုင်တွေက ကိုဗစ်ကုသရေးယာယီဆေးရုံရှိရာ ပို့ဆောင်ကုပေးနေ။
သီတင်းပတ်စဉ် - အင်္ဂါနေ့ညစကားဝိုင်းအစီအစဉ်။
~~~~
[Unicode]