နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
Your browser doesn’t support HTML5
ဗွီအိုအေ ရေဒီယိုအစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု
သြဂုတ်လ ၆ ရက်၊ ကြာသပတေးနေ့ မနက် ၆း၀၀ နာရီ မှ ရး၀၀ နာရီ
ဗွီအိုအေရဲ့ ကြာသပတေးနေ့မနက်ခင်း ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook ကနေလဲ တိုက်ရိုက် ထုတ်လွှင့် ပေးနေပါတယ်။
ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - မလေးရှားနိုင်ငံရောက်နေတဲ့ မြန်မာတွေထဲက ကြိုးဆွဲချသေဆုံးသူ နောက်တဦး ထပ်တိုးလာပြီး ၂ လအတွင်းမှာ ၁၄ ယောက်ထက်မနည်း ရှိလာနေတာ၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုက်က အငြိမ်းစား မြန်မာစာဌာနမှူး John Okell ခေါ် ဦးလှသိန်း ကွယ်လွန်သွားတာ၊ ကမ္ဘောဒီးယားမှာ ရာဘာအစား တရုတ်က အဝယ်လိုက်နေတဲ့ ငှက်ပျောတွေအစိုက်များလာနေတာ၊ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အင်္ဂါနေ့ကဖြစ်သွားတဲ့ ပေါက်ကွဲမှုကြီးအတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတာ
စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ ဘလော့ဂါတွေပြောသမျှ အစီအစဉ်တွေကို နားဆင်ကြရဖို့ ရှိပါတယ်။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။