အာကာသသုံး အဝေးထိန်း လက်အိတ်
Your browser doesn’t support HTML5
အာကာသယာဉ်မှူးတယောက်အတွက် အာသာဝတ်စုံ ဝတ်ထားရင် လှုပ်ရှားရတာ အလွန်ခက်ခဲပြီး၊ အလွယ်ကူဆုံး ကိစ္စဖြစ်တဲ့ ကျောက်ခဲလေး တစ်လုံးကောက်ဖို့ တောင်ခက်ခဲတတ်ပါတယ်။ အမေရိကန် အာကာစူးစမ်းလေ့လာရေး အေဂျင်စီ နာဆာ က နော်ဝေ အင်ဂျင်နီယာ ကျောင်းသားတွေ နဲ့ အတူ ပူးပေါင်းပြီး ပစ္စည်းကိရိယာတွေကို လက်အမူအရာလေး နဲ့ ထိန်းချုပ်နိုင်မယ့် အာကာသယာဉ်မှူးတွေအတွက် လက်အိတ် တစ်ခုကို စမ်းသပ် တီထွင်နေပါတယ်။ Matt Dibble ရဲ့ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။