မြန်မာဘက်ကရှေ့နေ William Schabas နဲ့မေးမြန်းခန်း

Your browser doesn’t support HTML5

ICJ တရားရုံးမှာ မြန်မာနိုင်ငံဘက်က ရပ်တည် ခုခံ လျှောက်လဲခဲ့တဲ့ ကနေဒါနိုင်ငံက အကျိုးဆောင် ရှေ့နေ William Schabas ဟာ အရင်က Al Jazeera ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မူဆလင် တွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်ဝေဖန်ခဲ့ဖူး သူ ဖြစ်တယ်ဆိုပြီး ဂမ်ဘီယာရှေ့နေတွေက နယ်သာလန်နိုင်ငံ သဟိတ်မြို့က ကြားနာပွဲမှာ စွတ်စွဲသွားပါတယ်။ ရှေ့နေ William Schabas ကတော့ သတင်းထောက်က သူလိုရာ စွဲပြီး ရေးသားထုတ်လွှင့်ခဲ့တာလို့ ပြန်လည် တုံ့ပြန်ပါတယ်။ ဒီကိစ္စအပါအဝင် သူ့ရဲ့ ရပ်တည်ချက်ကို ရိုက်တာ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြန်လည် ရှင်းလင်းထားပါတယ်။ ကိုငြိမ်းချမ်းတင်ပြပါလိမ့်မယ်။