နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၃၁-၂၀၁၉)

Your browser doesn’t support HTML5

- အမေရိကန်သမ္မတ Donald Trump အပေါ် အရေးယူနိုင်ရေး လွှတ်တော်ရေးရာ ကော်မတီတွေက စုံစမ်းနိုင်မယ့် လုပ်ငန်းစဉ် တရားဝင် အတည်ပြုနိုင်ဖို့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပါလိမ့်မယ်။ - ပါကစ္စတန်နိုင်ငံ Punjub ပြည်နယ်ထဲက Rahim Yar Khan မြို့နားမှာ ခရီးသည်တင် မီးရထားတစီးပေါ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၇၀ ကျော် သေဆုံးသွားပါတယ်။ - အင်ဒို-ပစိဖိတ်ဒေသ ဒေသနိုင်ငံတွေနဲ့ ထိတွေ့ဆံရေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုဘက်က အလေးထားတဲ့အကြောင်း မလေးရှားနိုင်ငံကိုရောက်နေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Stilwell က ပြောပါတယ်။