သမ္မတ Trump ရဲ့ နယ်စပ်တံတိုင်းစီမံချက်

Your browser doesn’t support HTML5

မက္ကဆီကို နဲ့ အမေရိကန် နယ်စပ်မှာ တံတိုင်းကြီးတစ်ခု အလျင်အမြန် တည်ဆောက်နေပြီး နယ်စပ် ပြဿနာဟာလည်း လျှော့ကျနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကပြောပါတယ်။ ဒီတံတိုင်း ဆောက်လုပ်တာကို ပိတ်ပင်ဖို့ ကြိုးစားမှုတွေကြားကပဲ ထရမ့် အစိုးရအနေနဲ့ ကီလို မီတာ ၁၀၀ လောက်ဆောက်ပြီးပြီလို့ အကောက်ခွန် နဲ့ နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန် စစ်တပ်ဆောက်လုပ်ရေး လုပ်ငန်း ၁၂၇ ခု အတွက် ချထားပေးတဲ့ ဒေါ်လာ ၃ ဘီလျံ ကို လွှဲပြောင်း သုံးလိုက်တာဖြစ်ပြီး ဒီပိုက်ဆံ နဲ့ ကီလိုမီတာ ၃၀၀ ရှိတဲ့ တံတိုင်းကို တည်ဆောက်နိုင်မှာပါ။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။