ဇန်နဝါရီ ၂၉၊ ၂၀၁၉။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ချင်းပြည်နယ်ခရီးအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သွားမယ်ဆိုတာ ထပ်မံပြောဆိုပြန်ပါတယ်။ အဲဒီနောက် ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှုခြေလှမ်းတရပ်ကို ပြည်ထောင်စုလွှတ်တော်ထဲ NLD ပါတီက ဇန်နဝါရီ ၂၉ ရက်နေ့မှာပဲ ခြေလှမ်းခဲ့ပါတယ်။
တကယ်တမ်းတော့ ဖွဲ့စည်းပုံပြင်ရေးဟာ NLD အစိုးရရဲ့ ရွေးကောက်ပွဲ ကတိဂဝတ်တခုပါ။ အခု အာဏာရလို့ ၃ နှစ်ထဲ ဝင်လာတဲ့တိုင် ဒီကတိကို အကောင်အထည်မဖော်နိုင်ဖြစ်နေရတာ ဘာကြောင့်ပါလဲ၊ NLD အစိုးရအတွက် ဘာတွေ အခက်အခဲရှိနေပါသလဲ၊ လက်ရှိ နိုင်ငံရေးလက်တွေ့အရ ဒီကတိဖော်ဆောင်နိုင်မယ့် ဖြစ်နိုင်ချေရောရှိပါလား။ အင်္ဂါနေ့ ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
လူ့အခွင့်အရေးရှေ့နေကြီး ဦးသိန်းသန်းဦးနဲ့ နိုင်ငံရေးသုံးသပ်သူ စာရေးဆရာ သတင်းစာဆရာ ဦးသီဟသွေးတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။
Your browser doesn’t support HTML5
ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှုနဲ့ ဖြစ်နိုင်ချေ (တိုက်ရိုက်လေလှိုင်း)