အမေရိကန်စီးပွားရေးနဲ့ Buffalo မြို့ အခြေအနေ
Your browser doesn’t support HTML5
အမေရိကန် ပြည်ထောင်စုက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး၊ နည်းပညာ အထွန်းကားဆုံး နိုင်ငံတခုဖြစ်ပေမယ်လို့လည်း ၄၅ သန်းလောက်သော အမေရိကန်တွေကတော့ ဆင်းရဲမွဲတေမှု အဆင့် သတ်မှတ်ချက်အောက်မှာ နေထိုင်နေရပါတယ်။ တချိန်က ချမ်းသာကြွယ်ဝခဲ့တဲ့ နယူးယောက်ပြည်နယ် Buffalo မြို့ဟာ အခုအချိန်မှာ အကြပ်အတည်း အခြေစိုက်နေပြီး လူဦးရေ သုံးပုံ တပုံကတော့ ဆင်းရဲမွဲတေနေကြပါတယ်။ တချိန်က စက်မှုထွန်းကားခဲ့တဲ့ အခြေအနေကနေ လဲပြိုကျခဲ့ပြီး အလုပ်အကိုင် ရှားပါးလာခဲ့ချိန်မှာ ဘာတွေ ဖြစ်လာသလဲ ဆိုတာကို ဒီမြို့က ဥပမာ ပြနေတာလို့ Olga Loginova က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။