အမေရိကန် အစိုးရနဲ့ Think Tanks ပညာရှင်များအဖွဲ့
Your browser doesn’t support HTML5
Think Tanks ပညာရှင်များ အဖွဲ့ဆိုတာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တွေ နဲ့ ပတ်သက်လို့ မူဝါဒအကြံဉာဏ်တွေပေးပြီး၊ ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို အတွင်းကျကျ နားလည်စေဖို့အတွက် သုတေသန လုပ်ငန်းတွေကို ပညာရှင်တွေစုပေါင်း လုပ်ဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။ အရင်တုန်းက အမေရိကန် မူဝါဒတွေ အကောင်အထည်ဖော်တဲ့ အခါ သူတို့ရဲ့ လွှမ်းမိုးမှု တွေ မတန်တဆရှိလာတဲ့အတွက်လည်း အဝေဖန်ခံခဲ့ရပါတယ်။ လတ်တလော လေ့လာချက်တွေအရ သမ္မတ Trump ရဲ့ အစိုးရအဖွဲ့ဟာ အရင်အစိုးရအဖွဲ့တွေနဲ့ ယှဉ်ရင် ပညာရှင်အဖွဲ့တွေကို မှီခိုမှု နည်းလာပါတယ်။ Nadeem Yaqub သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။