Trump အစိုးရနဲ့ လူဝင်မှုကြီးကြပ်ရေးအမိန့်

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump ဟာမူဆလင်အများစုနေထိုင်တဲ့နိုင်ငံ ၇ နိုင်ငံနိုင်ငံသားတွေ အမေရိကန်ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့ မူကြမ်းကို ပြန်လည်ပြင်ဆင်ရေးဆွဲပြီး အခုသီတင်းပတ်အတွင်း ထုတ်ပြန်သွားဖို့ ရှိပါတယ်။ အမိမြေလုံခြုံရေးဌာနကလည်း တရားမဝင်နေထိုင်သူတွေကို မူရင်းနိုင်ငံပြန်ပို့ရေး လမ်းညွှန်ချက်သစ်တွေချမှတ်ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမှာပါ။ Jesusemen Oni ရဲ့သတင်းကို ကိုအောင်အောင်က ပြောပြပေးမှာပါ။