ထူးခြားဆန်းပြား သတင်းများ

Your browser doesn’t support HTML5

ပီရူး နိုင်ငံက ဂီတဝိုင်းတစ်ခုကတော့ မြို့တော် Lima က နားမကြားတဲ့ ကလေးတွေအတွက် အလင်း၊ အရောင်နဲ့ တုန်ခါမှုတွေကိုသုံးပြီး ခရစ္စမတ် အားလပ်ရက် ဖျော်ဖြေပေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ကဒ်ထူစက္ကူပုံးတွေ၊ အာလူးနဲ့ ကြက်သွန်နီအိတ်အခွံတွေ သုံးပြီး ခရစ်စမတ်သစ်ပင် ဖန်တီးထားပါတယ်။ ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာ ခရစ္စမတ် အကြိုဆင်နွှဲတဲ့အနေနဲ့ စန်တာကလော့စ်ဝတ်စုံတွေဝတ်ပြီး ငြိမ်းချမ်းရေးစီတန်းလှည့်လည်ပွဲ့ ကျင်းပခဲ့ပါတယ်။ မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ပြပါမယ်။