ထူးခြားဆန်းပြားသတင်းများ
Your browser doesn’t support HTML5
ကိုယ်ချစ်ခင်သူတွေကို ထာဝရအမှတ်ရနေစေဖို့ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီတခုက အရိုးပြာကနေ စိန်ဖြစ်အောင် လုပ်ပေးနေပါတယ်။ သီရီလင်္ကာနိုင်ငံမှာတော့ တူးမြောင်းတခုထဲမှာ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်ဖြစ်နေတဲ့ ၁၇ ပေလောက်ရှည်တဲ့ မိချောင်းကြီးတကောင်ကို တောရဲတိရိစ္ဆာန် ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတွေ ကယ်တင်ခဲ့ရပါတယ်။ ဒီလိုထူးထူးခြားခြား သတင်းတွေကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ပြပါလိမ့်မယ်။