စပိန်နိုင်ငံက ကမ္ဘာ့မိုဘိုင်းဖုန်းပြပွဲ

Your browser doesn’t support HTML5

နောက်ဆုံးပေါ် အဆင့်မြင့် လက်ကိုင်ဖုန်းတွေ ပြသနေတဲ့ စပိန်နိုင်ငံက ကမ္ဘာ့မိုဘိုင်းဖုန်းပြပွဲမှာတော့ တရုတ်နိုင်ငံက ပစ္စည်းတွေ ဈေးကွက်မှာ လွှမ်းမိုးလာနေတဲ့အကြောင်း လူပြောသူပြောများနေပါတယ်။ Apple, Samsung နဲ့ Sony တို့လို နာမည်ကျော် နည်းပညာ ကုမ္ပဏီကြီးတွေက ထုတ်လုပ်တဲ့ လက်ကိုင်ဖုန်းတွေ နေရာယူထားတဲ့ ဈေးကွက်ထဲကို တရုတ်နိုင်ငံက ဈေးချိုတဲ့ အဆင့်မြင့်ဖုန်းတွေ တနေ့တခြား ထိုးဖောက်လာနေတာပါ။ အဆင့်မြင့်ဖုန်းဈေးကွက်အကြောင်း AP သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။