၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အာဇာနည်အခမ်းအနားကို တက်ရောက်ဂါရဝပြုကြတဲ့ နိုင်ငံ့အကြီးအကဲများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ပြည်သူပြည်သားများနဲ့ စည်ကားသိုက်မြိုက်စွာ တွေ့မြင်ရပါတယ်။
၂၀၁၄ ခုနှစ် အာဇာနည်နေ့ ဓာတ်ပုံမှတ်တမ်းများ

၁၃
ဂုဏ်ပြုတပ်ဖွဲ့ဝင် စစ်သည်တော်များ အာဇာနည်နေ့ခေါင်းဆောင်ကြီးများကို အလေးပြုနေကြစဉ် (ဇူလိုင် ၁၉၊ ၂၀၁၄)။

၁၄
(၆၇) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား တက်ရောက်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ (ဇူလိုင် ၁၉၊ ၂၀၁၄)။

၁၅
(၆၇) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖခင်ဗိုလ်ချုပ်အောင်ဆန်းအား ရှိခိုးဦးချ ဂါရဝပြု နေစဉ် (ဇူလိုင် ၁၉၊ ၂၀၁၄။ ဓါတ်ပုံ အေပီ)။

၁၆
(၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ လုံခြုံရေးတာဝန်ယူထားကြတဲ့ မြန်မာ့တပ်မတော်စစ်သည်များ (ဇူလိုင် ၁၉၊ ၂၀၁၄)။