အင်ဒိုနီးရှားဘောလုံးပွဲတွင်း လူနင်းမိသေဆုံးသူတွေအတွက် အောက်မေ့ဖွယ် ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲကို အောက်တိုဘာလ ၂ ရက်နေ့ညမှာ ကျင်းပခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ ပြည်တွင်း အမှတ်ပေးဇယားဘောလုံးပွဲမှာ ရှုံးတဲ့အသင်းက ပရိသတ်တွေက မကျေနပ်လို့ ကွင်းထဲဆင်းခဲ့ရာကနေ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ ရဲတွေရဲ့ နှိမ်နင်းမှုကနေ ထွက်ပြေးရာကနေ လူ တရာကျော်သေဆုံး၊ ၂ ရာနီးပါး ဒဏ်ရာရခဲ့ပါတယ်။
အင်ဒိုနီးရှားဘောလုံးပွဲ သေဆုံးသူတွေအတွက် ဆုတောင်းပွဲကျင်းပ
- ဗွီအိုအေမြန်မာပိုင်း

၉
ဘောလုံးပွဲရုန်းရင်းဆန်ခတ်မှုအတွင်း သေဆုံးသွားသူတွေအတွက် ဖယောင်းတိုင်မီးထွန်းအမှတ်တရဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

၁၀
ဘောလုံးပွဲရုန်းရင်းဆန်ခတ်မှုအတွင်း သေဆုံးသွားသူတွေအတွက် အမှတ်တရအဖြစ် ကန်ဂျူရူဟန်ဘောလုံးကွင်းဝမှာ ပန်းတွေကြဲထားပါတယ်။